စာမရေးဖြစ်တာ ကြာသွားပြီမို့ ရေးစရာမရှိတာ ရေးနေတာပါ။
ခုတလော ခံစားရတဲ့ ခံစားချက်တွေ အတွေးတွေကို ရေးလိုက်ပါမယ်။
၁။ အလုပ်အကိုင်မရှိခြင်းသည် လူတွေကို စိတ်ဓာတ်ပျက်ပြား ဦးတည်ချက် မဲ့စေသည်။
၂။ တစ်သက်တာမှာ နောင်တအရဆုံး လုပ်ရပ်နှစ်ခု ရှိခဲ့သည်။ တစ်ခုမှာ တစ်ယောက်သောသူကို နာကျင်စရာစကားများပြောခဲ့ခြင်း နှင့် တစ်ခုမှာ စင်္ကာပူသို့လာရန် ဆုံးဖြတ်ချက် ချပြီး ဆရာဝန်လိုင်းကို စွန့်လွှတ်ခဲ့ခြင်းဖြစ်သည်။
၃။ ကိုးရီးယားကားတွေမှာ မင်းသမီးက သူ့ကိုအရမ်းချစ် အရမ်းဂရုစိုက်တဲ့သူကို အားနာပေမယ့် ဘယ်လိုမှ ပြန်မချစ်နိုင်။ မင်းသမီးကို သိပ်ဂရုမစိုက်တဲ့ အဓိကမင်းသားကိုသာ တမ်းတမ်းစွဲဖြစ်နေတဲ့ ဇာတ်ကားမျိုးတွေ အရင်တုန်းက အရမ်းမုန်းခဲ့သည်။ ကိုယ်ချစ်ကိုမလိုချင် သူချစ်ကိုသာရှာမယ်ဟု အမြဲကြွေးကြော်ခဲ့သည်။ But now... I think I can accept .. the fact that human minds are complicated and feelings can't be controlled by brain.
၎။ အနာဂတ်ကို စဉ်းစားသည့်အခါ အရမ်း မွန်းကြပ်လာသည်။ မရေရာ မသေချာတဲ့ ဘဝကို အလွန်စိတ်ပျက် မုန်းတီးမိသည်။
၅။ စင်္ကာပူ အစိုးရကို သေလောက်အောင် စိတ်ပျက်သည်။ အလွန်အမင်း မုန်းတီးမိသည်။ နောက်ထပ် ဘယ်တော့မှ ခြေမချဖို့လည်း ဆုံးဖြတ်မိသည်။
၇။ မားမားကို အရမ်း အရမ်း အရမ်း လွမ်းသည်။
၈။ ဘဝရဲ့ အကြမ်းအတမ်း အကွေ့အကောက်တွေကို ရင်ဆိုင်ဖို့ သတ္တိရှိအောင် ပိုကြိုးစားရမည်။
၉။ မြန်မာနိုင်ငံ တိုးတက်ရေးလုပ်ငန်းတွေမှာ တစ်ဖက်တစ်ပန်းကနေ ပါဝင်ကူညီပေးချင်သည်။
၁၀။ စာကို ပိုပြီး ကြိုးစားရမည်။
1 comment:
အတွေးတွေ စုံနေပေါ့ ...။ ကျွန်တော်တို့လည်း ... တခါတခါ အဲလိုတွေ အတွေးတွေ မျိုးစုံသွားတာပါပဲ ခင်ဗျာ ... ။ ရင်မောစရာ ပြောရမှာလား ... ရယ်စရာ မောစရာ ဆိုတာ ဒါမျိုး ထင်ပါရဲ့ ... ဘ၀ က ... လေ ...
Post a Comment