ဒီနှစ် ၁၃, ၁၄ စာမေးပွဲလည်းပြီး.. တရုတ်နှစ်သစ်ကူးလည်းဖြစ်.. ကောင်းတော့ ကောင်းပါတယ်။ တော်တော်လေးတိုက်ဆိုင်တာတော့. ဗိုလ်ချုပ်မွေးနေ့၊ တရုတ်နှစ်သစ်ကူး၊ ချစ်သူများနေ့ .. သုံးရက်လုံးက စုသွားတယ်။.. အမှတ်ရစရာတွေလည်း များသွားတာပေါ့..
(ချစ်သူများနေ့တော့ ပါဘူးနော်.. No participation of Valentine Day in the past J )
(ချစ်သူများနေ့တော့ ပါဘူးနော်.. No participation of Valentine Day in the past J )
အရင်ဆို တရုတ်နှစ်သစ်ကူးမတိုင်ခင် မိသားစုစားပွဲ နဲ့ နှစ်ကူးနေ့ဆို. အမျိုးတွေစုပြီး လျှောက်လည်ကျတယ်။ နှစ်ကူးမတိုင်ခင်နေ့ဆို. မားမားကချက်. မောင်နှမတွေက အိမ်နဲ့အရမ်းရင်းနှီးတဲ့သူတွေကို ဟင်းတွေပို့ပေါ့.။ ခင်သူဇာသင်းတို့ကတော့ ရပ်ကွက်လူကြီးနဲ့ လမ်းလူကြီးအိမ်ကို ဒိုင်ခံပါတယ်.. (စေတနာရှိလို့တော့ ဟုတ်ဘူး. လမ်းလူကြီးမြေးက ရပ်ကွက်ထဲမှာ ကိုယ့်စိတ်ထင် အချောဆုံးမို့လို့.. ဟိဟိ. အဲလို ပေါခဲ့တာ.. )
ပြီးရင် အန်ပေါင်းတွေ အနည်းဆုံး ၃အိတ်လောက်ရပါတယ်။ နှစ်ကူးတဲ့နေ့ကျတော့ တောင်ကြီးမုန့်ဆိုင်က လူတွေနဲ့တူတူလျှောက်လည်ပါတယ်။ အမျိုးရင်းတွေ မဟုတ်ပေမယ့် အမျိုးတွေလိုဖြစ်နေတဲ့ မိသားစုတွေပေါ့။ သူတို့ဆို အရမ်းကောင်းပါတယ်. မိသားစုတွေအကုန် စုစုစည်းစည်းနဲ့ အဲဒီအိမ်ကြီးမှာ. ပွဲရက်တိုင်းစုကြတာ။ အဲဒီမိသားစုတွေဆီကပဲ.. အန်ပေါင်းတော်တော်ရပါတယ်.. အဲဒီအန်ပေါင်းတွေနဲ့ ကဲကြတာပေါ့။ J
တရုတ်နှစ်ကူး နောက်ဆုံးလျှောက်လည်ရတဲ့အချိန်က ဆယ်တန်းမတိုင်ခင် နှစ်ကူး။
ဆယ်တန်းတုန်းကတော့ စာအကြောင်းပြပြီး မလိုက်ဖြစ်ဘူး။ အဲဒီကတည်းက
နှစ်ကူးရန်ကုန်မှာမလည်ဖြစ်တာ အခုထိပဲ။ဒီနှစ်တော့ ပြောင်းပြန်ပေါ့. နှစ်ကူးမတိုင်ခင်တစ်ရက်က
လျှောက်လည်. နှစ်ကူးရက်ကျတော့ ချက်.. J နောက်နှစ်တွေ နောက်နှစ်တွေလည်း နှစ်ကူး
ဒီမှာပဲ ရှိမယ်ထင်ပါရဲ့.. ။

အခုချိန် ရန်ကုန်မှာဆို သူတို့တွေ လျှောက်လည်နေလောက်ပြီ။ မားမားလည်း မနေ့က
ဟင်းတွေချက်လို့ မောနေလောက်ပြီ။ ပါးပါးလည်း တီးဝိုင်းနဲ့ အလုပ်ရှုပ်နေလောက်ပြီ။
တွေးမိရင်း လွမ်းပါတယ်။ အလွမ်းဆုံးကတော့ မားမားရဲ့ကျိုင်မဆိုင်၊၀က်သားနဲ့မျှစ် ရောချက်ထားတဲ့
ဟင်းချိုလေးပါပဲ.. L အစ်မကတော့ အဲလောက် မချက်တက်ဘူး။
ပြီးတော့ နှစ်ကုးအပြီး.. ကုက္ကိုင်းဘုံကျောင်းမှာ ကျင်းပမယ့် နဂါးကပွဲကိုလည်း လွမ်းမိပါတယ်။
နှစ်ကူးညတိုင်း သွားနေကျရွှေတိဂုံဘုရားလည်း အဝေးကပဲ လှမ်းဖူးမြော်လိုက်ပါတယ်။..

အခုချိန် ဒီမှာတော့ နှစ်ကူး မောင်နှမတွေစုပြီး စားပွဲလုပ်ပါတယ်။ ဒါပေမယ့် မိဘတွေမပါတော့
သိပ်ပြီး မစုံလင်ဘူးလို့ ခံစားမိတယ်။ စိတ်ထဲမှာတော့ မျှော်လင့်မိပါတယ်။တစ်နေ့ကျရင် မိသားစုတွေ
စုစုစည်းစည်း နေနိုင်ပြီး အတူတူအဲလို ပွဲလေးတွေကို နွှဲရအောင်ပေါ့။..
အလွမ်းတွေနဲ့.. ရန်ကုန်ကိုသာ…. ။
No comments:
Post a Comment