တစ်ခါမှတော့ မကြားဖူးဘူး။ ဒီနှစ် သူများ Invite လုပ်တော့မှသိတယ်။ :)
ခုတစ်လော ပါးပါးကို သတိရပါတယ်။ပါးပါးရဲ့  ဆူသံ၊ နောက်ကလေလိုက်ပြီး လုပ်သမျှ ပွစိပွစိပြောတဲ့အသံလေးကို လွမ်းတော့ လွမ်းမိသား။ :D ဘာပစ္စည်းဝယ်ဝယ် ပိုက်ဆံဖြုန်းတယ်ဆိုပြီး ပြောလွန်းလို့ နောက်ပိုင်း ပစ္စည်းဝယ်လေ့အကျင့်မရှိတော့တဲ့အထိ ဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ အဖေ။ ဟိဟိ...
မှတ်မိသေးတယ်။ ငယ်ငယ်တုန်းက တရုတ်စာ စသင်ချိန် စာစရေးတတ်တုန်းက စစချင်း ရေးတဲ့စာကြောင်းက
ဝေါအိုက်နီ, ပါ့ပါ ။ ဝေါအိုက်နီ, မာ့မာ ( 我爱你,爸爸. 我爱你,妈妈 ) :) ကလေးတိုင်းလိုလိုတော့ အဲလိုရေးခဲ့ဖူးမယ် ထင်တာပဲ။ လူသားအားလုံး ကိုယ့်မိဘတွေကို ချစ်တတ်ပါတယ်။:)
ကဲ.. ဒီနှစ်တော့ အဖေများနေ့ကို ဆင်နွဲပါမယ်။ အဝေးတစ်နေရာမှာရှိတဲ့ ချစ်ရသော ပါးပါး ကျန်းမာရေးကောင်းပါစေ။ စိတ်အမြဲချမ်းသာပါစေ။ စိတ်ထဲကနေပဲ ရှိခိုးလိုက်ပါတယ် ပါးပါး။ :)
My celebration of Father Day :)
ကမ္ဘာပေါ်မှာ ရှိကြတဲ့ အဖေအားလုံး 20 June မှာ ပျော်ရွင်ကြပါစေ။ :)
Khin Thuzar Thin

No comments:
Post a Comment