Nov 18, 2013

W.H.Y

ဘာလို့လဲ..
အမြဲတမ်း ဒီလိုမျိုး ခံစားနေရတာ..
လူတစ်ယောက်ကို နှလုံးသားထဲမှာ နေရာပေးပြီးတဲ့နောက်
နောက်တစ်ယောက် အစားထိုးဖို့ မဖြစ်နိုင်တော့ဘူးလား။
ဒါမှမဟုတ် နာကျင်စရာတွေ များလွန်းလို့
ဘယ်သူကိုမှ နေရာမပေးနိုင်တော့တာလား။

ငါ .. သတိမရချင်ပါဘူး
သတိရမိတိုင်း စိတ်ပင်ပန်းရလို့
သတိရမိတာတောင် အတင်း ငါ့ကိုယ်ငါ ထိန်းချုပ်ပြီး
သတိမရအောင် ကြိုးစားနေတာပါ။
ဒါပေမယ့် ..
မသိစိတ် က ထိန်းချုပ်ရတာ ဘာကြောင့် အဲ့လောက် ခက်သလဲ။
သတိမပြုမိလိုက်ပဲ ပြန်ဖတ်မိတဲ့ chat history တွေ
သတိမပြုမိလိုက်ပဲ ပြန်တွေးမိတဲ့ အရင်က အကြောင်းတွေ
သတိမပြုမိလိုက်ပဲ စစ်မိတဲ့..........

ငါ တကယ် ဘာကိုမှ မမျှော်လင့်ပါဘူး။
ငါ ဒီ အိမ်မက်ဆိုးတွေ ဒဏ်ရာတွေကနေ
အမြန်ဆုံး ရုန်းထွက်နိုင်ဖို့ပဲ ဆုတောင်းမိတယ်။

Just Random Feelings
Thuzar

No comments: