Mar 5, 2010

ဝိုင်းဝိုင်းရဲ့ နောက်ဆုံးတော့

ဒီနေ့ Ipod ထဲက သီချင်းတစ်ပုဒ်နားထောင်မိတယ်. အရင်ကတော့ ပေါ့ပေါ့ပါးပါးနားထောင်မိပေမယ့်. အခုနားထောင်တော့ feeling တစ်မျိုးရပြန်တယ်.. လူ့စိတ်ပြောင်းလဲလွန်းတယ်ဆိုတာ.အဲလိုဖြစ်မယ်.:)



မင်းမစဉ်းစားမိတဲ့အရာတွေ မင်းကိုယ်တိုင်သေချာတွေ့ကြုံတဲ့အခါ
မင်း သတိမပြုတဲ့အကြောင်းအရာတွေ မင်းဆီကိုအလိုလိုရောက်လာတဲ့အခါ
ဘယ်လိုဖြစ်မလဲ ဘယ်လိုနေမလဲ ဘယ်လိုလုပ်မလဲ.????????

အမည်းနဲ့အဖြူ မတူပေမယ့် ထာဝစဉ်အတူတည်မြဲကြ..
အဆိုးအကောင်းတွေ အတူဒွန်တွဲ သံသရာမှာလည်ပတ်ကြ..
တချို့မိတ်ဆွေတွေဟာလည်း ရန်သူတွေဖြစ်သွားကြ.
မုန်းဖူးသူတွေဟာလည်း ခင်မင်သူပြန်ဖြစ်ကြ
နောက်ဆုံးတော့

အပြုံးနဲ့ အငိုတစ်ပြိုင်နက်တည်း တစ်နေရာမှာ ဆုံဆည်းကြ
အရှုံးနဲ့ အနိုင်ပြိုင်တဲ့ပွဲ တစ်ခါတစ်ရံမှာ သရေပွဲကျ
နောက်ဆုတ်နေပေမယ့်လည်း အလိုလိုနေ ရှေ့ဆုံးက
လောကမှာ ဘယ်အရာမှ တရားသေမတည်မြဲကြ
နောက်ဆုံးတော့..

နားလည်မိတဲ့  နောက်ဆုံးတော့ ဆိုတာကတော့ "သင်္ခါရ" ပါ.. (သင်တဲ့အခါရ. မသင်တော့တဲ့အခါမရဟုတ်ဘူးနော်.. :D)
အမုန်း.. နာကြည်းခြင်း အနိုင် အရှုံး. အားလုံးက လူတွေ သတ်မှတ်တဲ့အရာပါ။
 ပြီးတော့ လူကို ပူလောင်အောင် လုပ်နိုင်တဲ့အရာတွေပေါ့..
နောက်ဆုံးမှာတော့. အားလုံးက ဘာမှမဟုတ်ပါဘူး.. . (Like a smoke in the air)

ဒါကြောင့် အမုန်းတွေ၊ အညိုးတွေ၊ နာကြည်းတာတွေ၊ အပူအပင်တွေ ဘာမှ မထားရင် အကောင်းဆုံးပေါ့။
အားလုံးပဲ အပူအပင် ကင်းကင်းရှင်းရှင်းနဲ့ နေနိုင်ကြပါစေ။

Khin Thuzar Thin (5.3.2010)

4 comments:

Mg Pyone said...

အမည်းနဲ့အဖြူ မတူပေမယ့် ထာဝစဉ်အတူတည်မြဲကြ..

I like it ;D

Calm Hill said...

အပူအပင်ကင်းတဲ့ ကလေးလေးလေးဘဝကို တစ်ခါပြန်ပြီးရောက်ချင်သေးတယ် :P ဟင်... မဆိုင်တဲ့ ဟာတွေ ဆိုသွားမိပြန်ပြီ :D

Thuzar said...

အင်း ထည့်ရေးမလို့တောင်လုပ်မိသေးတယ်. ကလေးလေးလိုပဲ နေကြပါလို့. :P

TZA said...

beyond ရဲ့သီချင်းပါလား..
http://www.youtube.com/watch?v=plxXb2MtqhY