မှတ်မိသေးတယ်.. အဲဒီတုန်းက အမေ့ရဲ့ဝင့်ကြွားတဲ့မျက်လုံးတွေ.. သမီးအတွက် ဂုဏ်ယူပီတိဖြစ်နေတဲ့
အမေ့မျက်နှာ... နှစ်စဉ် ဆုပေးပွဲအခမ်းအနားတိုင်း အမေပြုံးတဲ့ အပြုံး..
ဆယ်တန်း ဖျားတုန်းက ဆေးခန်းတစ်ခါသွားခဲ့ရတယ်။ ဆေးခန်းက အပြန် ဆရာဝန်ဆိုင်းဘုတ်လေးကိုကြည့်ပြီး..
" တွေ့လား အထူးကု ဆရာဝန်တဲ့ အဲဒီလိုဘွဲ့ရအောင် လုပ်နော် စာတွေ အများကြီးဖတ်..အများကြီးသင်.. ".
အမေ ဖြစ်စေချင်တာ ဆရာဝန်မတဲ့။ အမျိုးထဲက ကျေးဇူးရှင် အဒေါ်က ဆရာဝန်မဆိုတော့ သူလည်း ကိုယ့်သမီးကို ဆရာဝန်ဖြစ်စေချင်မှာပေါ့။
တစ်သက်လုံး အမေ့ စကားနားထောင်တဲ့သူ.. အမေ့ရဲ့အားပေးစကားအတိုင်း ကြိုးစားခဲ့ပါတယ်။
အမေ မျှော်လင့်တဲ့အတိုင်းလည်း ဆေးလိုင်းရခဲ့တယ်။ အဲဒီတုန်းက အမေ အိမ်မက်တွေ အများကြီး မက်ခဲ့မှာပဲနော်။။
ဒါပေမယ့် တက္ကသိုလ်ရွေးဖို့ အချိန်ရောက်လာတဲ့အခါ အမေရဲ့ အိမ်မက်တွေပျက်လွင့်လာတယ်.. ကျွန်မအတွက်ကတော့ စိတ်အညစ်ဆုံးကာလလို့ ဆိုရမလားပဲ...
မြန်မာပြည်မှာ ဆရာဝန်ပေါင်းများစွာ.. အလုပ်မဲ့နဲ့.. တရုတ်လူမျိုးဖြစ်တဲ့ ကျွန်မအတွက်ကတော့ မျှော်လင့်ချက်နည်းပါးတယ်လို့ အဖေယူဆတယ်။
အကောင်းဆုံးလမ်း..အသင့်တော်ဆုံးလမ်းကို အဖေလျှောက်ခိုင်းတယ်..အမေက သဘောမကျပေမယ့် မကန့်ကွက်နိုင်ဘူး။
ဒီလိုနဲ့ပဲ ကျွန်မ ဆေးတက္ကသိုလ်ဆိုတာ. တစ်ခေါက်ပဲ ရောက်ခဲ့ဖူးပြီး... အမေ့ရဲ့ဆန္ဒကို မဖြည့်နိုင်ခဲ့ဘူး။ အမှန်အတိုင်းပြောရရင် ၀မ်းနည်းမိပါတယ်။ အရမ်းခင်မင်တဲ့ သူငယ်ချင်းတွေနဲ့လည်း ဝေးခဲ့ရတယ်၊
အမေ့စိတ်ကူးကိုလည်း အကောင်အထည်ဖော်အောင် မလုပ်ပေးနိုင်ဘူးဆိုပြီးတော့..။
ဒါပေမယ့် ဆရာတစ်ယောက်ရဲ့စကားက ကျွန်မကို အင်အားတွေ အမြဲပေးတယ်။
"ဘယ်နေရာရောက်ရောက် ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်မှာ အမြဲတမ်းထူးချွန်အောင်ကြိုးစားတဲ့။"
၁လပိုင်းက အမေလာလည်သွားတယ်။ ကျောင်းကိစ္စကို မေးပြီးတော့ မာစတာ.. Ph.D ရအောင်လုပ်တဲ့.. ။ ဖြစ်စေချင်နေတဲ့ အမေ့ရဲ့ဆန္ဒတွေ... တစ်ချက်လေး ငြင်းဆန်နိုင်ဖို့ အင်အားတောင်မရှိခဲ့ဘူး။
ပြောတော့ ပြောလိုက်ပါတယ်.. အမေ့သမီးဂေါက်သွားမှ အမေ ပြုစုနေရဦးမယ်လို့. :D
ဒါပေမယ့် ဆရာဝန်မဖြစ်တော့ပေမယ့် တာဝန်ယူရမယ့် အလုပ်တိုင်းမှာ.. အမေဂုဏ်ယူနိုင်အောင် အမြဲကြိုးစားနေပါမယ်။
အမေ့သမီးလို့ လူတိုင်းကို အမေ ခေါင်းမော့ လက်မထောင်ပြီး ပြောနိုင်အောင်လည်း ကြိုးစားရပါဦးမယ်.. :)

3 comments:
ကြိုးစားပါ။ အောင်မြင်ပါစေ လို့..... :)
သမီးလိမ္မာလေးပဲ... အားကျတယ်ဗျို့ ..... ဒီမှာလဲ အမေက ဆရာဝန်လုပ်ခိုင်းတာ... ဆေးလိုင်းလဲမှီရက်သားနဲ့... သရဲကြောက်လို့ ဆရာဝန်မလုပ်တော့ပဲ... RP ကို ရောက်လာတာ... အဟီး...
ရန်ကုန်မှာ ကျနော့်သူငယ်ချင်း ဆရာဝန်တွေရှိတယ်၊ အားလုံးလိုလို စီးပွားရေးလုပ်နေတာချည်းပဲ။ "ဘယ်နေရာရောက်ရောက် ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်မှာ အမြဲတမ်းထူးချွန်အောင်ကြိုးစား" ဆိုတဲ့စကား သိပ်မှန်ပါတယ်။
Post a Comment