သင်္ကြန်ကတော့ ပြီးသွားပြီ။ ဘာမှ မထူးခြားသလိုပဲ။ ၃နှစ်တောင်ရှိပြီပေါ့ မပျော်ရတာ။ ဒီနှစ်.. ဒုတိယနှစ်စတက်တယ်။ အလုပ်နဲ့ ကျောင်းနဲ့ ပြန်ဖြစ်သွားပြီ ^_^.. ဒါပေမယ့် စိတ်ကရန်ကုန်ကိုပဲ ရောက်နေတယ်။
သင်္ကြန်မှာ.. ဘာလုပ်သလဲဆိုတော့ ငယ်ငယ်တုန်းကတော့သူငယ်ချင်းတွေနဲ့ ရပ်ကွက် ပတ်တယ်.. လမ်းတကာလျှောက်သွားတယ်။ ခွက်စောင်းရှိတဲ့လမ်းတွေဆို ရှောင်တယ်။ ပြီးရင် အိမ်နားက စုပေါင်းရေပတ်တဲ့နေရာမှာ ရေပက်တယ် (အိမ်ကရေခွက်တွေလည်း အမြဲပျောက်တယ် မောင်နှမတွေ ဆော့ချက် :D )။ နားချိန်မှာ..အိမ်နီးချင်းတွေလာပို့တဲ့.ရွှေရင်အေး..မုန့်လက်ဆောင်း.(မုန့်လုံးရေပေါ်မှ အပ.:D) စားတယ်။ ညဘက်ဆို ကာတွန်းစာအုပ်တွေငှားတယ်။ မဏ္ဍပ်ထိုင် ရေကစားတဲ့
အလေ့အထတော့ မရှိဘူး။ အိမ်က မန်းနီးမပေးတာက အဓိကတရားခံ. နေပူမခံနိုင်တာက တစ်ချက်။ ဒီနှစ်ဖြစ်ခဲ့တဲ့အခြေအနေပေါ်မူတည်ရင်တော့ အဲဒီမဏ္ဍပ်မထိုင်တာကပဲ ကောင်းတယ်လို့ ပြောရမလား
မသိ.. :S
သတိရမိတာက လမ်းအချင်းချင်းဖြစ်တဲ့ သင်္ကြန်ရန်ဖြစ်ပွဲလေးပါ။ ရပ်ကွက်မှာသုခုမလမ်းဆိုတဲ့ လမ်းရှည်ရှိတယ်။ အဲဒီလမ်းကိုမှ အပိုင်းခြားလေးတွေ လုပ်ပြီး တောင်ပိုင်းမြောက်ပိုင်းလား.ခွဲထားတယ်။ အဲတော့ တခြားလမ်းကသူတွေ ကိုယ့်လမ်းလာရင် ခွက်စောင်းခုတ်ရော။နောက်ကလေးတွေပေါင်းပြီး စတီးပြွတ်ကိုင်၊ ရေဗုံးကို လွယ်အိတ်နဲ့သယ် ပြီးတော့ တခြားလမ်းကိုချီတက်..အဲကအဖွဲ့တွေနဲ့ အပြိုင်ဖိုက်. :D ။ တော်တော်လေးတော့ ပျော်ဖို့ကောင်းပါတယ်.. ရန်ဖြစ်ချင်တဲ့စိတ်တော့မဟုတ်ဘူး..အပျော်သဘော။ နောက်သင်္ကြန်ပြီးရင် ပြန်တည့်သွားပြန်ရော။ အဲဒီကနေ လမ်းသူလမ်းသားချင်း စုပေါင်းတဲ့စိတ်ဓာတ်ဆိုတာ ဖြစ်လာတယ်။ သူငယ်ချင်းနေတဲ့လမ်းဖြစ်ပေမယ့် အမြဲသွားလည်နေကြ ကျွန်မတောင် သူတို့ကို ခင်ပါတယ်။ ပွဲတော်တိုင်းမှာ စည်တာကိုး... ခုတော့မသိတော့ဘူး.. လွန်ခဲ့တဲ့ ၅နှစ်က ကလေးတွေက..ခုတော့ လူပျိုတွေ အပျိုတွေဖြစ်လာပြီလေ.. အဲလိုဘယ်ဆော့ကြတော့မလဲ.. :D
မလည်ရတဲ့ သင်္ကြန်သုံးနှစ်ကို နှမြောလိုက်တာ၊ဆယ်တန်းပြီးသွားတော့ အမေက ကုသိုလ်ယူရမယ်ဆိုပြီး သီလရှင်သင်္ကြန်တွင်း ဝတ်ခိုင်းတယ်။ အဲဒီနှစ်ပြီးတော့ ဒီကိုပို့တယ်။ ဒီနှစ်ကျတော့ အိမ်မပြန်လာနဲ့တဲ့.. >.< နောက်နှစ်ဆိုရင် ဘာအကြောင်းပြချက်ပေးဦးမလဲ မသိဘူး... :(
လောလောဆယ် သင်္ကြန်ပိုးကတော့သေသွားပြီ.. ထပ်ထလာမယ့်ပိုးကတော့?? ^_^
Let me share my only one Thingyan photo of 2008
Can you find little "Nun" Khin Thuzar Thin??? .. :D

No comments:
Post a Comment