Mar 19, 2013

Grown Up & Mature or Spoiled & Crazier?

ဆယ်တန်းတုန်းက ဓာတုဗေဒ သင်တဲ့ ဆရာမ ဒေါ်ကြည်ကြည်ဝင်း ပြောခဲ့တဲ့ စကား တစ်ခွန်းရှိတယ်။
ဒီတစ်သက် လုပ်ခဲ့ဖူးတဲ့ အရာတွေထဲမှာ နောင်တအရဆုံး အရာတစ်ခု ရှိတယ်တဲ့။ အဲဒါက မောင်နှမတွေနဲ့ လက်တည့်စမ်းပြီး အရက် တစ်ခါ စမ်းသောက်ခဲ့တာတဲ့။ ဘုရားမကြိုက်တဲ့အရာ.. အကုသိုလ်တွေ လုပ်ဖို့ လှုံဆော်ပေးနိုင်ဆုံး အရာ တစ်ခု ကို သူ လုပ်ခဲ့မိတာ နောင်တအရဆုံးတဲ့။

အဲဒီ စကား ကြားပြီး နောက်ပိုင်း ငါ အရက်နဲ့ ပတ်သတ်တာတွေ လုံးဝ မသောက်ဘူးလို့ ဆုံးဖြတ်ချက် ချထားခဲ့တယ်။ ဒါပေမယ့် ခုနောက်ပိုင်း အတွေးအခေါ်တွေ ပြောင်းလာတယ် စိတ်ဓာတ်တွေ ပြောင်းလာတယ်။ လက်တည့်စမ်းချင်တဲ့ စိတ်ဆိုတာ ဒါမျိုး နေမယ်။ ပြီးတော့ "Learn to socialize" ဆိုတဲ့ စကားနောက်ကွယ်မှာ ပုန်းပြီး စမ်းသပ်မိတယ်။

ခုထိတော့ အရက်မသောက်ဖူးသေးပါဘူး။ အရက်နံ့ကို မခံနိုင်ဘူး။ ဒါပေမယ့် ဘီယာ၊ ၀ိုင် နဲ့ ထန်းရည်  တော့ စမ်းပြီးပြီ။ ၀ိုင်ကတော့... ပြန်သတိမရချင်တဲ့ နေ့ တစ်နေ့ မှာ စသောက်ဖူးတယ်။ ဘီယာကတော့ လွန်ခဲ့တဲ့ နှစ်ရက်လောက်က သောက်ကြည့်တယ်။ ဘီယာဆိုပေမယ့် Fruit Beer ပါ.. ဒါပေမယ့်လည်း နည်းနည်း ခါးတာပဲ။ ၀ိုင်နဲ့ ဘာမှ မဖြစ်ပေမယ့် ဘီယာကတော့ သုံးငုံလောက်ဆို စမူးနေပြီ။ အိမ်မှာ သောက်လို့ တော်သေးတယ်။ သူကတော့ ပြောတယ် အဲဒါ မသောက်ဖူးတော့ အူရိုင်းသွားပြီး မူးတာတဲ့..။ မူးနေလို့လားမသိဘူး အဲ့ဒီနေ့က တော်တော် စကားပြောတယ်။

အခု ပြန်စဉ်းစားကြည့်တော့ လူက ၂၀ကျော်နေပြီ.. ရင့်ကျက်တာလည်း မဟုတ်သေးပါဘူး။.. အမှားတွေလည်း ဆက်တိုက်လုပ်နေတုန်း။ ပြီး ဘာမဆို စမ်းသပ်ချင်နေတဲ့ စိတ်ရှိလာတယ်.. ဖြစ်သေးဘူး.. ဘီယာ အဆင့်နဲ့ ရပ်ထားရမယ်။.. အရက်တော့ မခံနိုင်ဘူး..
လူက ပျက်စီးဖို့ လမ်းအစမှာ ရပ်မိနေတယ်။ ဘာတွေ ဖြစ်နေလဲ ကိုယ့်ကိုယ်ကို သိတယ်။ နောက်မဆုတ်နေပေမယ့် ရှေ့တော့ မတိုးနိုင်ဘူး။ မကြာခင် လမ်းလွှဲပေါ်လာမှာပါ .. အချိန်ကို စောင့်ရမှာပေါ့။

No comments: