Mar 25, 2013

အပြစ်မမြင်

ဒီသီချင်းကို အခုတလော အရမ်း ခံစားဖြစ်နေတယ်။ အချစ်ဆိုတာ လူတစ်ယောက်ကို ဘယ်လောက်ထိပြောင်းလဲပစ်စေနိုင်လဲ။ ကြည်နူးရတဲ့ အခိုက်အတန့်တွေ ရှိသလို စိတ်ညစ်ရတဲ့အခိုက်အတန့်တွေလည်း ရှိခဲ့တယ်။ ကိုယ့်ဘက်က အမှား မပါပေမယ့် သူ့ဘက်က ဖြစ်စေချင်တဲ့အရာကို မလုပ်နိုင်ခဲ့တော့ သူစိတ်ညစ်မှာပေါ့..။ တခြားသူသာဆို ဒေါသထွက်မိလိမ့်မယ်။ အခုတော့ ၀မ်းနည်းရတယ်။ သူလည်းပဲ ခံစားနေရတာ နားလည်နေလို့..။ သူ ကိုယ့်ကို အလိုမကျလို့ စိတ်တိုတဲ့အခါ သူ့ကိုယ်သူ ပိုပြီး စိတ်တိုအပြစ်တင်နေမှာ ..မမြင်ရ မပြောပြပေမယ့် အလိုလို နားလည်မိနေတာကိုး... ။ အပြစ်မမြင်ပါဘူး.. အရာရာ နားလည်မှုတွေနဲ့ပါ..

နောက်တစ်ခါ နောက်တစ်ခါ ဒီလိုမျိုး မဖြစ်စေရပါဘူး...



အချစ်က အသိခက်တဲ့ ကဗျာလေးပဲ
ခွင့်လွှတ်ချစ်တတ်အောင် တို့ ကြိုးစားကြည့်တယ်
လျှို့ဝှက်ချက်များစွာထဲမှာ အမြဲတမ်း တ၀ဲလည်လည်
မှားလည်းလေ မှားပါစေတော့ကွယ် ~~~

No comments: